Review

ပရိတ်သတ်ကြီးအတွက် သမိုင်းနောက်ခံ အက်ရှင်ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်၊ ဘီစီ ၁၀၀ ဝန်းကျင် ဟန်မင်းဆက် အုပ်စိုးချိန် တရုတ်ပြည်ရဲ့ ခေတ်ကာလကို ပုံဖော်ထားပါတယ်။

ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ကျန်းချန် လို့ခေါ်တဲ့ သစ္စာရှိအမတ်တစ်ဦးပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဟန်ပြည်ရဲ့ အဓိကရန်သူတွေကတော့ အင်အားကြီးမားတဲ့ ရှုန်းနူ တွေပါ။ ရှုန်းနူတွေနဲ့ စစ်ပွဲဆင်နွှဲဖို့အတွက် မဟာမိတ်ဖွဲ့ဖို့လိုအပ်နေတာကြောင့် ဟန်ဧကရာဇ်ဝူဟာ သစ္စာရှိအမတ် ကျန်းချန်ကို အနောက်ဘက်ဒေသတွေဆီ စေလွှတ်ခဲ့ပါတယ်။

ခရီးလမ်းတစ်လျှောက်မှာ ကျန်းချန်တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့ အသက်ပဲ ဖြစ်ပါတယ်။ သူဟာ လမ်းခရီးမှာ ရှုန်းနူတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၁၀ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရပါတယ်။ ဒီကာလတစ်လျှောက်လုံးမှာ ဟန်တိုင်းပြည်ကို စစ်ရေးထိုးဖောက်နိုင်မယ့် လမ်းကြောင်းတွေ ရေးဆွဲပေးဖို့ ဖိအားပေးခံခဲ့ရပေမယ့်၊ ကျန်းချန်ဟာ သူ့ရဲ့ သစ္စာတရားကို ဘယ်တော့မှ မဖောက်ပြန်ခဲ့ပါဘူး။

သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ သူ့ရဲ့နောက်လိုက်တွေနဲ့အတူ ဒီ ၁၀ နှစ်တာ ချုပ်နှောင်ခံရချိန်အတွင်း လွတ်မြောက်ဖို့ကို ကြိုးပမ်းခဲ့ကြပါတယ်။ သူတို့တွေ ဖမ်းဆီးခံရစဉ်မှာ ဘယ်လိုအခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရမလဲ၊ ဒီအကြပ်အတည်းတွေကြားကနေ ဘယ်လိုရုန်းထွက်ပြီး မိမိတို့တိုင်းပြည်ဆီကို ပြန်ရောက်အောင် ကြိုးစားကြမလဲဆိုတာကို ဒီရုပ်ရှင်ကားကောင်းလေးထဲမှာ စိတ်လှုပ်ရှားဖွယ် ရှာဖွေကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 867 MB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 867 MB Download ဆွဲရန်နှိပ်ပါ
pcloud (HD) 867 MB Download ဆွဲရန်နှိပ်ပါ