
Review
ကျေးလက်တောရွာလေးရဲ့ အလှအပတွေကြားမှာ ဖခင်ဖြစ်သူနဲ့အတူ ရိုးရှင်းအေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်ထားသူလေးကတော့ မိန်းကလေးငယ်လေး မီနာ ဖြစ်ပါတယ်။ မီနာရဲ့မိခင်ကတော့ မြို့ပြရဲ့စွဲဆောင်မှုတွေ၊ အဆိုတော်တစ်ယောက်ဖြစ်ချင်တဲ့ ကြီးမားတဲ့အိပ်မက်တွေနောက်ကို လိုက်ရင်း သူတို့သားအဖနှစ်ယောက်ကို ထားရစ်ခဲ့တာပါ။ မိခင်ရဲ့ခွဲခွာမှုကြားထဲကနေ ဖခင်နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ မီနာရဲ့ဘဝထဲကို တစ်နေ့မှာတော့ ဟယ်လီနာ ဆိုတဲ့ မိထွေးဖြစ်သူနဲ့ သူမရဲ့သမီး ဂျင်နီ တို့ ခြေချဝင်ရောက်လာခဲ့ပါတယ်။
မြို့ပြသူပီပီ ကျေးလက်နေ မီနာတို့ရဲ့ဘဝကို အထင်သေးတဲ့ ဂျင်နီတစ်ယောက် သူတို့ရဲ့အိမ်လေးထဲ ရောက်ရှိလာတဲ့အခါမှာတော့ မီနာရဲ့အေးချမ်းတဲ့ဘဝဟာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်လာပါတော့တယ်။ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရတဲ့ အခက်အခဲတွေကြားထဲမှာ မီနာ့ဆီကို ထူးဆန်းတဲ့ အိပ်မက်စက်ရုပ်လေး တစ်ရုပ် ရောက်ရှိလာခဲ့ပါတယ်။
ဒီစက်ရုပ်လေးဟာ အိပ်မက်တွေကို လှပအောင် ဖန်တီးပေးနိုင်တဲ့ သူလေးပါ။ အိပ်မက်တွေဟာ လက်တွေ့ဘဝရဲ့ ခံစားချက်တွေကို လွှမ်းမိုးနိုင်တာကြောင့် မီနာဟာ သူမရင်ဆိုင်နေရတဲ့ ဆိုးဝါးတဲ့အခက်အခဲတွေကို ပြောင်းလဲဖို့၊ သူမရဲ့ဘဝကို ပိုမိုကောင်းမွန်အောင် ဖန်တီးဖို့အတွက် ဒီအိပ်မက်စက်ရုပ်လေးကို အခွင့်ကောင်းယူ အသုံးချပါတော့တယ်။
မီနာတစ်ယောက် သူမရဲ့အိပ်မက်စက်ရုပ်လေးကို အသုံးပြုပြီး ဘယ်လိုအခက်အခဲတွေကို ကျော်လွှားမလဲ၊ သူမရဲ့ဘဝဟာ ဘယ်လိုပုံစံမျိုး ပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီစိတ်ဝင်စားစရာ အန်နီမေးရှင်းကားကောင်းလေးမှာ စောင့်မျှော်ကြည့်ရှုလိုက်ပါလို့ တိုက်တွန်းပါရစေနော်။ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 874 MB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 334 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 874 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 334 MB | Download ဆွဲရန်နှိပ်ပါ |
pcloud (HD) | 874 MB | Download ဆွဲရန်နှိပ်ပါ |
pcloud (SD) | 334 MB | Download ဆွဲရန်နှိပ်ပါ |