
Review
ပရိသတ်ကြီးအတွက် ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ ထူးခြားဆန်းသစ်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ တခြားဇာတ်ကားတွေနဲ့မတူဘဲ ရုပ်ပြကမ္ဘာ (comic world) နဲ့ လက်တွေ့ကမ္ဘာ (real world) ကို တစ်လှည့်စီ ယှဉ်ပြပြီး ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
လက်တွေ့ကမ္ဘာ မှာတော့ ဖုန့်ရွှယ် ဆိုတဲ့ အရည်အချင်းရှိတဲ့ ကာတွန်းရေးဆရာမတစ်ဦးကို တွေ့မြင်ရမှာပါ။ သူမဟာ သာမန်ကာတွန်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး၊ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေကို ကိုယ့်သားသမီးလို မြတ်နိုးကာ အလုပ်ကို တိကျသေချာစွာ လုပ်ဆောင်တတ်သူပါ။ သူမနဲ့အတူ အလုပ်တွဲလုပ်ရတဲ့ ပိုင်ကျစ် ဟာလည်း အရည်အချင်းရှိပေမယ့်၊ အထက်လူကြီးတွေရဲ့ အကြိုက်ကို အမြဲလိုက်လျောနေရတာကြောင့် သူတို့ရဲ့ အရည်အချင်းတွေဟာ ဒီနေရာမှာ အလဟဿဖြစ်နေသလို ခံစားနေရပါတယ်။
တစ်ဖက်မှာတော့ ရုပ်ပြကမ္ဘာ ထဲမှာ ဖုန့်ရွှယ်ဟာ မြင့်မြတ်တဲ့ နွီဝါး ရဲ့ မျိုးဆက်ဖြစ်ပြီး၊ ရှေးဟောင်းသားရဲကောင်ကြီးကို ပြန်လည်ချုပ်နှောင်ပိတ်ဆို့ဖို့ တာဝန်ထမ်းဆောင်ရမယ့် သူရဲကောင်းတစ်ဦးအဖြစ် ပုံဖော်ထားပါတယ်။
ဒီလို ကမ္ဘာနှစ်ခုကြားမှာ လှုပ်ရှားနေတဲ့ သူတို့တွေ နောက်ဆုံးမှာ သူတို့ဖန်တီးချင်တဲ့ ကာတွန်းဇာတ်လမ်းအတိုင်း ဇာတ်ကောင်တွေကို ရေးဆွဲဖန်တီးပြီး၊ သူတို့လိုချင်တဲ့အတိုင်း ဇာတ်လမ်းကို အဆုံးသတ်နိုင်မလားဆိုတာကိုတော့ ဒီစိတ်ဝင်စားစရာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 867 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 867 MB | Download ဆွဲရန်နှိပ်ပါ |
pcloud (HD) | 867 MB | Download ဆွဲရန်နှိပ်ပါ |