Review

၂၀၂၀ ခုနှစ်က ထွက်ရှိထားတဲ့ စိတ်ဝင်စားစရာ ကာတွန်းကားလေးတစ်ကားအကြောင်း ပြောပြချင်ပါတယ်။ ဒီဇာတ်ကားလေးက ကမ္ဘာနှစ်ခုကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံလေးနဲ့ပါ။

ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ကတော့ ရိဒ် လို့ခေါ်တဲ့ ဆယ်ကျော်သက်လေးပါ။ သူက "Planet Master" ဆိုတဲ့ ဂိမ်းကို အသက်နဲ့လဲချစ်သူပါ။ ဂိမ်းလောကမှာတော့ "Fearless" ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားပြီး အတော်လေးကို နာမည်ကြီးသူတစ်ယောက်ပေါ့။ ရိဒ်က ဂိမ်းထဲမှာဆိုရင်တော့ "ကပ္ပတိန် လိုက်ဒ်စပီးဒ်" ဆိုတဲ့ စွမ်းအားရှင် ဇာတ်ကောင်ကို ကစားပါတယ်။ ကပ္ပတိန်မှာ ကီရာ၊ ဇန်ဒါ၊ တိုင်တပ်စ် ဆိုတဲ့ ချစ်စရာ ကလေးသုံးယောက်လည်း ရှိပါသေးတယ်။

ဇာတ်လမ်းထဲက ဗီလိန်ကတော့ အာကန်းနစ် ဆိုတဲ့ ဇာတ်ကောင်ပါ။ သူကတော့ ဘာစွမ်းအားမှမရှိတဲ့ ဗီလိန်ပေါ့။ ဒါပေမယ့် ကပ္ပတိန်ရဲ့ ကလေးသုံးယောက်ကို ဖမ်းမိနိုင်ရင်တော့ အင်မတန်ကြီးမားတဲ့ စွမ်းအားတွေ ရလာမယ်လို့ ယုံကြည်ထားပါတယ်။

တစ်နေ့မှာ ရိဒ်ဟာ ဂိမ်းရဲ့ နောက်ဆုံးအဆင့်ကို တက်ဖို့ သတိပေးချက်တစ်ခု ရရှိခဲ့ပါတယ်။ အဲဒီသတိပေးချက်ကတော့ ဖြစ်လာမယ့် အကျိုးဆက်အားလုံးကို လက်ခံမှာလားဆိုတဲ့ မေးခွန်းပါ။ ဂိမ်းကို ဆက်ကစားချင်စိတ် ပြင်းပြနေတဲ့ ရိဒ်ဟာ သတိပေးချက်ကို လက်ခံလိုက်တဲ့အခါ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာပါတော့တယ်။ ဂိမ်းထဲက ကပ္ပတိန်ရဲ့ ချစ်စရာ ကလေးသုံးယောက်ဟာ ရိဒ်ရဲ့ လက်တွေ့ကမ္ဘာထဲကို ရောက်လာပါတော့တယ်။

ဒီတော့ သူတို့ကို လိုက်ရှာနေတဲ့ အာကန်းနစ်ကလည်း ကပ္ပတိန်ကို ထောင်ချောက်ဆင်ပြီး ကလေးတွေကို ဖမ်းဖို့ ကမ္ဘာမြေကို လိုက်လာပါတော့တယ်။ ဂိမ်းလောကနဲ့ လက်ရှိလောကဆိုတဲ့ Setting နှစ်ခုကို ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး ရိဒ်နဲ့ ကလေးတွေကြားက အဖြစ်အပျက်တွေက တကယ့်ကို ရယ်ရပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဒီဇာတ်ကားကို Cody Edwards က ရိုက်ကူးထားပြီး Miles Robbins, Yara Shahidi, Miguel, Jakakiss တို့လို ထူးချွန်တဲ့ အသံသရုပ်ဆောင်တွေက ပါဝင်အားဖြည့်ထားကြပါတယ်။ စိတ်ဖိစီးမှုတွေများနေတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ဖို့ ဒီဇာတ်ကားလေးက ကွက်တိပါပဲလို့ အကြံပြုပါရစေ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်