Review

လူတိုင်းလူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ် မဖြစ်နိုင်မှန်းသိပေမဲ့လည်း အရမ်းဖြစ်ချင်နေတဲ့ ဆန္ဒလေးတွေ ရှိတတ်ကြတယ်ဟုတ်။ တစ်ခါတလေ Song Hye Kyo လိုချောချင်တာမျိုးတို့ ဘာတို့ပေါ့လေ။ 😜😜😜


ဒီတစ်ခါမှာတော့ အဲ့ဒီလိုမျိုး "ဖြစ်ချင်တာ" နဲ့ "တကယ်ဖြစ်နိုင်တာ" ကြားထဲမှာ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးတွေကို အကောင်းဆုံး ဘယ်လိုအသုံးချမလဲဆိုတာကို သင်ယူရမယ့် ငှက်ဝတုတ်လေးတစ်ကောင်အကြောင်း ပြောပြပေးချင်ပါတယ်။ သူ့နာမည်က Robin ပါတဲ့။


Robin လေးက ဘယ်လိုလဲဆိုတော့၊ ကြွက်တွေနေတဲ့အိမ်ထဲကို မတော်တဆ ရောက်သွားတဲ့ ငှက်ဥလေးထဲကနေ ပေါက်လာတာပေါ့။ ဒါ့ကြောင့် သူက ကြွက်တွေနဲ့အတူ ကြီးပြင်းလာရတယ်။ ကိုယ့်ကိုယ်ကိုယ် ငှက်မှန်းသိပေမဲ့လည်း ကြွက်အဖြစ်ကိုပဲ ခံယူထားတာပေါ့။ ဒါပေမဲ့ ကံဆိုးစွာပဲ... ကြွက်တွေရဲ့အဓိကကျတဲ့ အရည်အချင်းဖြစ်တဲ့ ခိုးကြောင်ခိုးဝှက် သွားလာလှုပ်ရှားတဲ့နေရာမှာတော့ Robin လေးက လုံးဝကို ညံ့ဖျင်းနေခဲ့တယ်။ ဒါ့ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေခဲ့ရတာပေါ့။


ဒီလိုနဲ့ တစ်နေ့မှာတော့ ကြွက်စိတ်ပေါက်နေတဲ့ ငှက်ဝတုတ်လေး ရော်ဘင်တစ်ယောက် သူ့ရဲ့ "ငါဟာကြွက်" ဆိုတဲ့ ဆန္ဒကို အမှန်တကယ် ဖြစ်မြောက်စေဖို့အတွက် အိမ်ကနေ ခိုးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူဘာလုပ်ချင်လဲဆိုတော့ လူသားတွေရဲ့အိမ်ထဲမှာရှိတဲ့ ခရစ်စမတ်သစ်ပင်ပေါ်က ကြယ်ပွင့်လေးကို ခိုးဖို့ ကြံစည်တာပေါ့။


ဒီခရီးစဉ်မှာတော့ ရော်ဘင်လေးတစ်ယောက် ထင်မှတ်မထားတဲ့ အလွဲပေါင်းများစွာနဲ့ ကြုံရုံတင်မကဘူး၊ အိမ်စောင့် လူသားတွေရဲ့ မြောင်မြောင်ဆိုတဲ့ ကြောင်ဆိုးကြီးတစ်ကောင်နဲ့ပါ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ...။


ကဲ... ကြွက်စိတ်ဝင်နေတဲ့ ငှက်ဝတုတ်လေး ရော်ဘင်တစ်ယောက် ခရစ်စမတ်ကာလမှာ သူ့ရဲ့ဆန္ဒတွေ ပြည့်မြောက်ပြီး ကြွက်ကောင်းတစ်ကောင် ဖြစ်လာမလား? ဒါမှမဟုတ် မြောင်မြောင်ဆိုတဲ့ ကြောင်ကြီးရဲ့ ညစာများ ဖြစ်သွားမလားဆိုတာကိုတော့... ဒီကာတွန်းလေးကို ကြည့်ပြီး ပရိသတ်ကြီးတို့ ကိုယ်တိုင် အဖြေရှာလိုက်ကြပါတော့နော်။


Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 809 MB Download ဆွဲရန်နှိပ်ပါ
mediafire (SD) 133 MB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 809 MB Download ဆွဲရန်နှိပ်ပါ
Google Drive (SD) 133 MB Download ဆွဲရန်နှိပ်ပါ