
Review
ဒီလို ကိုဗစ်ကာလမှာ အိမ်ထဲမှာနေရင်း ပျင်းရိငြီးငွေ့နေကြသူတွေအတွက် စိတ်ပြေလက်ပျောက် ရယ်မောပျော်ရွှင်စေမယ့် ရုပ်ရှင်ကောင်းတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ပေါ့ပေါ့ပါးပါး ဟာသ အမျိုးအစားဖြစ်ပြီး Chinese IMDB မှာ Rating 6.8 ရရှိထားတာပါ။ ရရှိထားတဲ့ rating နဲ့အညီပဲ ဇာတ်ကားရဲ့အဆုံးထိ ရယ်မောရုံသာမက ဇာတ်လမ်းထဲက လှည့်ကွက်တွေကြောင့်လည်း အံ့ဩစရာတွေနဲ့ ကြုံတွေ့ရမှာပါ။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ယန်ကျင်း လို့ခေါ်တဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ပါ။ “ကျင်း” ဆိုတဲ့ စကားလုံးက တာဝန်သိတတ်မှု၊ အလေးအနက်ထားမှုနဲ့ အသေးစိတ်ကျမှုဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ ကိုက်ညီစွာပဲ ယန်ကျင်းဟာ သူ့နာမည်အတိုင်း တာဝန်ကျေပွန်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်း လိုက်နာတတ်သလို စည်းစနစ်လည်း ကျပါတယ်။
တစ်ရက်မှာတော့ ယန်ကျင်းတစ်ယောက် စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဓားပြနေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီစစ်ရေးလေ့ကျင့်မှုက ဘဏ်တစ်ခုကို တကယ်တမ်း ဓားပြတိုက်ခံရသလိုမျိုး အစစ်အမှန် လေ့ကျင့်ရတာမျိုးပါ။ ယန်ကျင်းက ဓားပြနေရာက သရုပ်ဆောင်ရမှာဆိုတော့ ဘဏ်ဓားပြအဖြစ် သရုပ်ဆောင်ရမယ့် သူပေါ့။
ဘယ်အရာမဆို အသေးစိတ်ကျတတ်တဲ့ ယန်ကျင်းဟာ ထုံးစံအတိုင်း ဓားပြတိုက်ဖို့အတွက် အစီအစဉ်တွေ ဆွဲ၊ အကြံတွေထုတ်၊ လေ့ကျင့်ခန်းတွေ လုပ်တာပေါ့လေ။ ရဲတွေကတော့ ဒါက လေ့ကျင့်မှုပဲဆိုပြီး အလေးအနက်မထားကြပါဘူး။ ယန်ကျင်းရဲ့ သူငယ်ချင်းတွေဆိုရင်လည်း အလုပ်စောစောဆင်းရတော့မယ်ဆိုပြီး ပျော်နေကြတာပေါ့။ သူတို့မေ့နေတာက... ယန်ကျင်းက ဘယ်လိုလူစားမျိုးလဲဆိုတာကိုပါပဲ။
ဘယ်အရာမဆို အလေးအနက်ထားလုပ်တတ်တဲ့ ယန်ကျင်းတစ်ယောက် ဒီစစ်ရေးလေ့ကျင့်မှုမှာ ဘယ်လိုတွေ ကမောက်ကမဖြစ်မလဲ၊ ရဲတွေကို ဘယ်လိုဒုက္ခပေးမလဲဆိုတာ ရယ်ရယ်မောမောနဲ့ ရှုစားရမှာပါ။ တကယ်ကို ရယ်မောပျော်ရွှင်စေမယ့် ဇာတ်ကားတစ်ကားပါ။ ပေါ့ပေါ့ပါးပါး ရယ်စရာကောင်းတဲ့ကားလားလို့ မေးရင်တော့ မှားသွားပါလိမ့်မယ်။ ဇာတ်ကားရဲ့ နောက်ဆုံးပိုင်းရောက်မှ “အော်... ဒီလိုကိုး” ဆိုပြီး တကယ်ကို အံ့ဩသွားရတဲ့အထိပါပဲ။
ဒီတော့ တိကျသေချာလွန်းတဲ့ ယန်ကျင်းတစ်ယောက် ရဲတွေကို ဘယ်လိုတွေ ဒုက္ခပေးမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 1 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 560 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 1 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 560 MB | Download ဆွဲရန်နှိပ်ပါ |