
Review
နှလုံးသားဖြူစင်သူတို့ရဲ့ ချစ်ခရီး
ဖြူစင်တဲ့နှလုံးသားနဲ့ နတ်ပြည်ရောက်ဖို့ ကြိုးစားနေတဲ့ မြေခွေးမလေး ရှင်းရှစ်စစ်ညန် နဲ့ ထက်မြက်တဲ့ကျောင်းသားလေး ဖုန်ရှန်း တို့ရဲ့ ထူးခြားတဲ့ချစ်ပုံပြင်လေးကို တင်ဆက်လိုက်ပါတယ်။
ကောင်းမှုကုသိုလ်တွေနဲ့ နတ်ဘဝကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတဲ့ ရှစ်စစ်ညန်ဟာ လူ့လောကရဲ့ ဒုက္ခတွေကိုဖြတ်ကျော်ရမယ့်အချိန်မှာ ကံကြမ္မာက ဖုန်ရှန်းနဲ့ တောနက်ထဲမှာ ဆုံစည်းစေခဲ့ပါတယ်။ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရုံနဲ့တင် သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး စိတ်ချင်းဆက်သွယ်မိပြီး ချစ်ခြင်းတရားတွေ ရှင်သန်ခဲ့ပါတယ်။
မကြာခင်မှာပဲ ရှစ်စစ်ညန်နဲ့ ဖုန်ရှန်းတို့ဟာ လက်ထပ်ပြီး ဘဝခရီးကိုအတူတူလျှောက်လှမ်းခဲ့ကြပါတယ်။ သူတို့ရဲ့ပျော်ရွှင်တဲ့ဘဝလေးထဲမှာ ရှစ်စစ်ညန်ရဲ့ နတ်သမီးလို လှပတဲ့ရုပ်ရည်ကြောင့် မကောင်းကြံသူတွေရဲ့ နှောင့်ယှက်ခြင်းကို ခံစားလာရပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မြေခွေးမိစ္ဆာတွေထက် လူသားတွေရဲ့အတွင်းစိတ်ထဲက မကောင်းတဲ့စိတ်ဓာတ်တွေက ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို သူတို့နှစ်ဦး နားလည်သဘောပေါက်ခဲ့ရပါတော့တယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 610 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 610 MB | Download ဆွဲရန်နှိပ်ပါ |