Review

၂၀၂၀ ပြည့်နှစ်ထွက် Action/Comedy ဇာတ်ကားကောင်းတစ်ကားကို ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။

သရုပ်ဆောင်များ

 * Kwak Do-won: "The Man Standing Next" နှင့် "The Wailing" တို့မှ ဝါရင့်သရုပ်ဆောင်ကြီး
 * Kim Sang-ho: နန်းတွင်းဇာတ်ကားများစွာတွင် ပါဝင်ဖူးသော သရုပ်ဆောင်ကြီး
 * Kim Dae-myung: "The Sound of Your Heart" မှ ဟာသသရုပ်ဆောင်

ဇာတ်လမ်းအကျဉ်း

ဗြောင်းဆူသည် အလွန်ရိုးသားပြီး စိတ်ထားကောင်းသော ရဲတစ်ဦးဖြစ်သော်လည်း တစ်ခါတစ်ရံ ဒေါသကြီးတတ်သည်။ သူသည် အလွန်ချစ်ရသော သူငယ်ချင်း ယုံးဘယ် (လူလိမ်တစ်ဦး) ကိုပိုင်ဆိုင်ထားသည်။ ယုံးဘယ်သည် သူငယ်ချင်းဖြစ်သူ ဗြောင်းဆူကိုပင် မချန်၊ လိမ်လည်တတ်သူဖြစ်သည်။

ဗြောင်းဆူသည် သူငယ်ချင်းကို အလွန်ချစ်သောကြောင့် ယုံးဘယ်ငွေလိုသည်ဟုဆို၍ သူ့နာမည်ဖြင့် ငွေအာမခံချေးပေးခဲ့သည်။ သို့သော် လူလိမ်ယုံးဘယ်သည် ထိုငွေများကို ပြန်မဆပ်ဘဲ ဖိလစ်ပိုင်သို့ ထွက်ပြေးသွားသည်။ သူငယ်ချင်းကောင်းမှုဖြင့် အိမ်ပေါင်ပြီး ပိုက်ဆံချေးပေးထားခဲ့ရာ အပေါင်ဆုံးမလိုဖြစ်နေချိန်တွင် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို သူ၏ဇနီးကလည်း ဖိလစ်ပိုင်သို့ ခရီးထွက်ချင်ကြောင်း ပူဆာလာသည်။

ဤသို့ဖြင့် ဗြောင်းဆူတစ်ယောက် ပြဿနာများကို ခဏမေ့ထားပြီး ဖိလစ်ပိုင်သို့ မိသားစုနှင့်အတူ အပျော်ခရီးထွက်လာခဲ့ရာ ဖိလစ်ပိုင်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်များ ကြုံတွေ့ရပါတော့သည်။ ဗြောင်းဆူတစ်ယောက် အကြွေးများ ဆပ်နိုင်ပါ့မလား? ယုံးဘယ်နှင့်ရော ဖိလစ်ပိုင်မှာ ပြန်ဆုံဦးမလား? မည်သို့သော အလွဲများ ဆက်ဖြစ်မည်ကို ကိုယ်တိုင်ခံစားကြည့်ရှုရန် တိုက်တွန်းပါသည်။

ဒီဇာတ်ကားလေးက ရယ်ရလည်းရယ်ရသလို ကြည့်လို့လည်းကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 1.1 GB Download ဆွဲရန်နှိပ်ပါ
mediafire (SD) 490 MB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 1.1 GB Download ဆွဲရန်နှိပ်ပါ
Google Drive (SD) 490 MB Download ဆွဲရန်နှိပ်ပါ