
Review
တစ်ိတ်ဆိတ်ငြိမ်သက်တဲ့ ညတစ်ညမှာ ထိတ်လန့်စရာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ သံသယရှိသူနဲ့ သေဆုံးသူရဲ့ အလောင်းနှစ်ခု ကို တွေ့ရှိခဲ့ရတာပါ။ ဒါပေမဲ့ ထူးဆန်းတာက သံသယရှိသူလို့ ယူဆရတဲ့ အလောင်းက လွန်ခဲ့တဲ့ သုံးလလောက်ထဲက သေဆုံးနေပြီ ဖြစ်တာမို့ ရဲတပ်ဖွဲ့ဝင်တွေ အတော်လေးကို ခေါင်းစားခဲ့ရပါတယ်။
ဒီအဖြစ်အပျက်တွေ ဖြစ်ပြီး မကြာခင်မှာပဲ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တစ်ခုကို အမည်မသိ ပုဂ္ဂိုလ်တစ်ဦးက ဖုန်းခေါ်ဆိုလာပါတယ်။ သူဟာ အဲဒီလူသတ်မှုကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့နဲ့ ရုပ်သံဌာနက လူတွေအားလုံးဟာ ဒီအမည်မသိသူစိမ်းကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးက ကိုရီးယားပြည်သူတွေနဲ့ ရဲတပ်ဖွဲ့တစ်ခုလုံးက စောင့်ကြည့်နေတဲ့အချိန်မှာပဲ ဒီလူဟာ သူ့ရဲ့လုပ်ရပ်တွေကို ဖွင့်ဟခဲ့ပါတယ်။ သူဟာ လူသေကောင်တွေကို အောက်လမ်းနည်းနဲ့ ထိန်းချုပ်ပြီး လူသတ်မှုတွေ ကျူးလွန်နေကြောင်း၊ နောက်ထပ် သတ်မယ့်သူတွေရဲ့ နာမည်တွေကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီနေရာမှာ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ ဘယ်သူတွေက ဒီအလောင်းကောင်တွေကို ထိန်းချုပ်ထားတာလဲ။ ရဲတပ်ဖွဲ့အနေနဲ့ ဒီလိုမျိုး လူသတ်မှုတွေကို တားဆီးနိုင်ပါ့မလား။ ဘာကြောင့် ဒီလိုမျိုး ရက်စက်တဲ့ ရန်ငြိုးတွေနဲ့ လူသတ်မှုတွေကို ကျူးလွန်နေရတာလဲ။
ဒီဇာတ်ကားဟာ စစချင်းကတည်းက စိတ်ဝင်စားစရာကောင်းပြီး ကြမ်းတမ်းတဲ့ မြင်ကွင်းတွေနဲ့ စတင်ထားတာပါ။ သဘာဝလွန် ဖြစ်ရပ်တွေ နဲ့ ဇာတ်အိမ်ကို တည်ဆောက်ထားပြီး အစမှ အဆုံးထိ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ တိုက်ခိုက်ခန်းတွေ (Fight Scene) ကလည်း အတော်လေးကို ပိုင်နိုင်ပြီး ကောင်းမွန်စွာ ရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားက ပရိသတ်ကြီးကို ဘယ်လိုမျိုး စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 2 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 2 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |