Review

တောနက်ကြီးတစ်ခုရဲ့ အစွန်အဖျားမှာ ဖခင်ဝက်ဝံကြီးတစ်ကောင်နဲ့ သူ့ရဲ့သားလေး ဆီဟတို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြပါတယ်။ ဆီဟလေး ငယ်ငယ်တုန်းက သူ့အမေကို မှောင်ခိုသမားတွေ ဖမ်းသွားခဲ့တာမို့ ဖခင်ဝက်ဝံကြီးက ဆီဟလေးကို အသက်နဲ့လဲပြီး ချစ်ရှာပါတယ်။ သူတို့သားအဖနှစ်ယောက်ဟာ တောအုပ်ထဲမှာ လွတ်လွတ်လပ်လပ် ကျက်စားရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။

တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ ကံဆိုးခြင်းတစ်ခု သူတို့ဆီ ရောက်လာခဲ့ပါတယ်။ ရက်စက်တဲ့ တောရိုင်းတိရစ္ဆာန် မှောင်ခိုသမားတွေဟာ ဆီဟလေးကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဖခင်ဝက်ဝံကြီးဟာ သူသားလေးကို ဖမ်းသွားတဲ့ကားနောက်ကို မီအောင်လိုက်ခဲ့ပေမယ့် မမှီခဲ့ပါဘူး။ လမ်းမပေါ်မှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ ဖခင်ဝက်ဝံကြီးဟာ သူ့သားလေးအတွက် ရင်ကွဲနာကျခဲ့ရပါတယ်။

ဒီလိုနဲ့ ကံတရားက ဖန်တီးပေးခဲ့သလား မသိ၊ လမ်းမပေါ်မှာ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် မှောင်ခိုလုပ်နေတဲ့အဖွဲ့ကို လိုက်လံဖော်ထုတ်နေတဲ့ အေးဂျင့်ဟွန်နဲ့ အဖွဲ့နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတယ်။ သားဖြစ်သူကို ကယ်တင်ဖို့ ဘာမဆိုလုပ်မယ့် ဖခင်ဝက်ဝံကြီးနဲ့ တရားမမျှတမှုကို မုန်းတီးတဲ့ အေးဂျင့်ဟွန်တို့ ပူးပေါင်းပြီး ဆီဟလေးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး။

Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 1.2 GB Download ဆွဲရန်နှိပ်ပါ
mediafire (SD) 541 MB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 1.2 GB Download ဆွဲရန်နှိပ်ပါ
Google Drive (SD) 541 MB Download ဆွဲရန်နှိပ်ပါ