Review

မကြာသေးခင်ကမှ အောက်တိုဘာ ၂၂ ရက်နေ့တွင် ထွက်ရှိထားပြီး review ကောင်းများစွာ ရရှိထားတဲ့ ရုပ်ရှင်တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကတော့ မိခင်မေတ္တာရဲ့ နက်ရှိုင်းလှတဲ့ သဘောတရားကို အဓိကထားပြီး ပုံဖော်တင်ဆက်ထားတာပါ။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ရတ်သ်နာ ဆိုတဲ့ မွေးစားသားလေးတစ်ယောက်ပါ။ သူဟာ အရွယ်ရောက်လာမှ မွေးစားခံထားရမှန်း သိခဲ့ရတာပါ။ သူ့ရဲ့ မွေးစားအဖေကတော့ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး မွေးစားအမေ၊ သူ့ရောက်လာပြီးမှ ထပ်မွေးတဲ့ မွေးစားမိဘတွေရဲ့ သားအရင်း လင်မယားတို့နဲ့ အတူနေထိုင်ကြပါတယ်။

ရတ်သ်နာနဲ့ သူ့မွေးစားအမေတို့ဟာ အမြဲလိုလို စကားများရန်ဖြစ်တတ်ပြီး "ရှိရင် မတည့်ဘူး၊ မမြင်ရရင် ချောင်းကြည့်" ဆိုသလိုပါပဲ။ ဒါပေမဲ့လည်း သူ့မွေးစားအမေဟာ သားအရင်း အငယ်ကောင်ထက်တောင် ရတ်သ်နာကို ပိုချစ်မြတ်နိုးတာကို သူ့ရဲ့ အမူအရာတွေကနေတစ်ဆင့် ပရိသတ်တွေ မြင်တွေ့ခံစားရမှာပါ။

ဒီဇာတ်လမ်းထဲမှာ စိတ်ထဲစွဲမြဲစေမယ့် စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ "အမေဆိုတာ ဝမ်းနဲ့လွယ်မွေးမှ အမေမဟုတ်ဘူး။ ဝမ်းနဲ့လွယ်မမွေးရပေမယ့် အမေခေါ်ထိုက်တဲ့သူတွေ အများကြီးပါ" ဆိုတာပါပဲ။ ရတ်သ်နာဟာ သူ့မိဘအရင်းတွေ မဟုတ်မှန်းသိတဲ့အခါ သူ့ရဲ့ မိဘအရင်းတွေကို လိုက်ရှာပါတော့တယ်။

သူ့မိဘအရင်းတွေကို ရှာတွေ့ပါ့မလား၊ ဘယ်တော့မှ မတည့်တဲ့ မွေးစားအမေရဲ့ နက်ရှိုင်းတဲ့ အချစ်တွေကိုရော ဘယ်လို နားလည်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 1.3 GB Download ဆွဲရန်နှိပ်ပါ
mediafire (SD) 541 MB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 1.3 GB Download ဆွဲရန်နှိပ်ပါ
Google Drive (SD) 541 MB Download ဆွဲရန်နှိပ်ပါ