Review

Haseen Dillruba ရုပ်ရှင်ထဲက မင်းသမီးချောလေး Taapsee Pannu ကို ဘယ်သူတွေ လွမ်းနေကြမလဲ။ ဒီတစ်ခါမှာလည်း သူဟာ အရမ်းမိုက်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့အတူ ပရိသတ်တွေဆီ ပြန်ရောက်လာခဲ့ပါပြီ။ ဒီဇာတ်ကားမှာတော့ Taapsee Pannu ဟာ ရက်ရှ်မီး ဆိုတဲ့ အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ရက်ရှ်မီးဟာ မိန်းကလေးတစ်ယောက်ဆိုပေမယ့်လည်း မိန်းကလေးပီပီသသ နေတတ်သူ မဟုတ်ပါဘူး။ အရပ်အမောင်းထွားတဲ့အပြင် ဆံပင်တွေကလည်း စုတ်ဖွားနဲ့ဆိုတော့ မိန်းကလေးတစ်ယောက်လို့တောင် မြင်ဖို့ ခက်ပါလိမ့်မယ်။ သူ့ရွာကလူတွေကတော့ ရက်ရှ်မီးကို နောက်ထပ်နာမည်တစ်မျိုးပေးထားပါသေးတယ်၊ အဲ့ဒါကတော့ "ရော့ကတ်" တဲ့။ ဘာလို့လဲဆိုတော့ သူက ပြေးရင် အရမ်းမြန်တာကိုး။

ဒီလို အရမ်းမြန်တဲ့ ရက်ရှ်မီး ရော့ကတ် ဟာ ငယ်စဉ်က အကြောင်းတစ်ခုကြောင့် အပြေးပြိုင်ပွဲကို ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်ကြီး ဂါဂန်ရဲ့ တိုက်တွန်းမှုကြောင့် ရက်ရှ်မီးတစ်ယောက် အပြေးပြိုင်ပွဲကို ပြန်လည်ဝင်ပြိုင်ခဲ့ရာကနေပြီးတော့ နိုင်ငံလက်ရွေးစင်အဖွဲ့ဝင်အနေနဲ့ ယှဉ်ပြိုင်ရတဲ့အထိကို တစ်ဟုန်ထိုး အောင်မြင်လာခဲ့ပါတယ်။

အောင်မြင်မှုတွေ ရလာတာနဲ့အမျှ မနာလိုဝန်တိုမှုတွေ၊ အကောက်ကြံစည်မှုတွေ ရှိလာတတ်တာ သဘာဝပဲ မဟုတ်လား။ ဒီဇာတ်လမ်းထဲမှာကော ရက်ရှ်မီးတစ်ယောက် ဘယ်လိုဒုက္ခတွေ ကြုံတွေ့ရမလဲ? ဘယ်လိုမျိုး ကြံ့ကြံ့ခံပြီး အခက်အခဲတွေကို ရက်ရှ်မီးတစ်ယောက် ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာကိုတော့ ရင်တဒိတ်ဒိတ်နဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ပရိသတ်တွေကို စိတ်လှုပ်ရှားစွာနဲ့ ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။

Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 1.6 GB Download ဆွဲရန်နှိပ်ပါ
mediafire (SD) 1.3 GB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 1.6 GB Download ဆွဲရန်နှိပ်ပါ
Google Drive (SD) 1.3 GB Download ဆွဲရန်နှိပ်ပါ