
Review
ဒီတစ်ခါမှာတော့ ၂၀၂၀ ပြည့်နှစ်က ရုံတင်ပြသခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ထိုင်းဟာသကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီး Pancake Khemanit Jamikorn ရဲ့ မတူထူးခြားပြီး ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုတွေကို အပြည့်အဝ မြင်တွေ့ရမှာပါ။
အဓိက သရုပ်ဆောင်များ
* ပန်ကိတ် အဖြစ် Pancake Khemanit Jamikorn
* ချိုင်းကန် အဖြစ် Nack Charlie Trairat
* ဖုဂျမန် အဖြစ် Aramboy Kohtee
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ပန်းမျိုးနွယ်အိမ်တော်ကို အပိုင်စီးချင်နေတဲ့ လူဆိုးတစ်သိုက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အိမ်ပိုင်ရှင်ဖြစ်တဲ့ ဖုဂျမန်က နိုင်ငံခြားကနေ ပြန်လာပါတယ်။
သူပြန်လာတာကတော့ စေ့စပ်ထားသူနဲ့ လက်ထပ်ဖို့ပါ။ ဒါပေမဲ့ ပြန်ရောက်လာချိန်မှာ မသမာသူတွေရဲ့ လုပ်ကြံခြင်းကို ခံလိုက်ရပြီး သေဆုံးသွားပြီလို့ အထင်ခံလိုက်ရပါတော့တယ်။
ဖုဂျမန်မရှိတော့ဘူးလို့ ထင်လိုက်တဲ့အခါ အိမ်ကိုအပိုင်စီးဖို့ကြံနေတဲ့ လူဆိုးတစ်သိုက်က ဖုဂျမန်အဖြစ် ဟန်ဆောင်နိုင်မယ့်လူကို အစေခံတွေကို သွားရှာခိုင်းပါတော့တယ်။
ဒီအချိန်မှာ ပန်ကိတ်က နာမကျန်းဖြစ်နေတဲ့ သူ့အမေကို ဆေးကုသပေးဖို့အတွက် ဘာအလုပ်ပဲ လုပ်ရလုပ်ရ အကုန်လုပ်မယ်လို့ ကြွေးကြော်နေသူပါ။
ပန်ကိတ်ဟာ ကိုယ်ကျိုးမကြည့်ဘဲ ဖုဂျမန်အဖြစ် ဟန်ဆောင်ပြီး နေရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ ဟန်ဆောင်ဘဝနဲ့ နေထိုင်ပါတော့တယ်။
နိုင်ငံခြားကနေပြန်လာတဲ့ ချိုင်းကန်က ဖုဂျမန်နဲ့ စေ့စပ်ဖို့အတွက် အိမ်တော်ကို ရောက်ရှိလာတဲ့အခါ ဘယ်လိုအလွဲတွေနဲ့ ရယ်မောရမလဲ၊ ပန်းမျိုးနွယ်အိမ်တော်ကို အပိုင်စီးဖို့ကြံနေတဲ့ လူဆိုးတွေ ဘယ်လိုဖြစ်သွားမလဲ၊ ပြီးတော့ ဖုဂျမန်ကရော သေခြင်းတရားကနေ ဘယ်လိုလွတ်မြောက်လာနိုင်မလဲဆိုတာကို ဒီရုံတင်ဇာတ်ကားကောင်းလေးမှာ ကြည့်ရှုလိုက်ကြရအောင်နော်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 1.2 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 605 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 1.2 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 605 MB | Download ဆွဲရန်နှိပ်ပါ |