
Review
လွန်ခဲ့သော သုံးနှစ်က ပိုင်ရှန်တောနက်နက်နက်ရှိုင်းရှိုင်းထဲ ခြေရာလက်ရာမကျန် ပျောက်ဆုံးသွားခဲ့သော ရထားတစ်စင်း။ ထိုရထားပေါ်တွင် ချစ်ရသောဇနီးသည် ပါသွားသဖြင့် ရထားကိုရော၊ ဇနီးကိုပါ လိုက်လံရှာဖွေရန် တောနက်ထဲသို့ ဝင်ရောက်စွန့်စားမည့် မာဟိန်ယွမ်။
အလားတူပင်၊ ရထားပေါ်တွင် ပါသွားသော ညီမဖြစ်သူကို ရှာဖွေရန် ခဲအိုနှင့်အတူ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ တောနက်ခရီးနှင်မည့် ဖုကွေ့။
ထို့အပြင်၊ ဂျပန်လူမျိုး ခါဝါဂူချီ သည်လည်း ပျောက်ဆုံးရထားပေါ်တွင် ပါသွားသော ၎င်း၏ညီလေးကို ရှာဖွေရန်အတွက် မည်သည့်အလုပ်မဆို အခကြေးငွေဖြင့် လုပ်ဆောင်ပေးနိုင်သော၊ လောဘကြီးသည့် ဓားပြခေါင်းဆောင် ပေပါ့ထျန်း ကို ငှားရမ်းကာ ဤခရီးကြမ်းကို စတင်တော့သည်။
ရည်ရွယ်ချက်ချင်း မတူညီကြသော်လည်း ရထားပျောက်ဆုံးမှုနှင့် ဆက်စပ်နေသော ဤလူအုပ်စုသည် ပိုင်ရှန်တောင်၏ ကျယ်ပြောလှသော တောနက်ကြီးထဲသို့ ခြေချမိကြသောအခါ မည်သို့သော ထူးဆန်းဆန်းကြယ်သည့် အဖြစ်အပျက်များက စောင့်ကြိုနေမည်နည်း။ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့သော ထိုရထားကြီး၏ နောက်ကွယ်တွင် မည်သည့်လျှို့ဝှက်ချက်များ ဝှက်ထားသည်ကို ၎င်းတို့ ဖော်ထုတ်နိုင်ပါ့မလား။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 1.5 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 797 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 1.5 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 797 MB | Download ဆွဲရန်နှိပ်ပါ |