
Review
ဟာသနဲ့ သည်းထိတ်ရင်ဖို ပေါင်းစပ်ထားတဲ့ Comedy Thriller အမျိုးအစား ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDb rating 9.1/10 အထိ ရရှိထားတာမို့ ပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။
ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေကတော့ ဒီပက် (မျက်စိမမြင်သူ)၊ ကီရှိုး (စကားမပြောနိုင်သူ) နဲ့ ဆူရှန် (နားမကြားသူ) ဆိုတဲ့ လူသုံးယောက်ပါ။ တစ်ရက်မှာတော့ သူတို့သုံးယောက်ဟာ လူသတ်မှုတစ်ခုအတွက် သက်သေထွက်ဆိုဖို့ ရဲစခန်းကို အလှည့်ကျ ရောက်လာကြပါတယ်။ တစ်ယောက်တစ်မျိုးစီ ချို့ယွင်းနေတဲ့ သူတို့သုံးယောက် လူသတ်မှုအတွက် ဘယ်လို သက်သေထွက်ဆိုကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။
သူတို့ သက်သေထွက်ဆိုတဲ့ လူသတ်မှုတွေမှာ အသတ်ခံရသူတိုင်းက နိုင်ငံရေးသမားတွေ ဖြစ်နေတဲ့အခါ ဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်လာမလဲ။ တကယ့်တရားခံကိုရော ရှာတွေ့နိုင်ပါ့မလား။ Comedy Thriller ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း လွဲချော်မှုလေးတွေ၊ ရယ်စရာ အလွဲလေးတွေနဲ့အတူ လူသတ်တရားခံကို ဖော်ထုတ်ရမှာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ နောက်ပိုင်းတွေမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေ ပါဝင်လာမှာဖြစ်လို့ ဇာတ်လမ်းကို အများကြီး မပြောပြတော့ပါဘူး။ ချက်ချင်း ဒေါင်းလုဒ်လုပ်ပြီး ကြည့်ရှုလိုက်ကြပါဦးနော်!
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 1.8 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 887 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 1.8 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 887 MB | Download ဆွဲရန်နှိပ်ပါ |