
Review
နယ်မြို့လေးတစ်မြို့က ရွာလူကြီးနေရာကို မထင်မှတ်ဘဲ ရခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ရပ်ရွာကောင်းကျိုးအတွက် စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ ဖေးမမှု မရှိခဲ့ပါဘူး။ ခေတ်စနစ်ရဲ့ ဖိစီးမှုဒဏ်၊ ဒုစရိုက်သမားတွေရဲ့ နှောင့်ယှက်မှုတွေကြောင့် ခင်ပွန်းသည်လည်း ဆုံးပါးခဲ့ရပြီး ကိုယ်ဝန်သည် ဘဝနဲ့ မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီလိုကြောက်မက်ဖွယ်အခြေအနေတွေကြားကနေ သူ့သားလေးအတွက် ရုန်းကန်ရင်း အသက်ဆက်ခဲ့ရပေမဲ့၊ သူ့ဘဝကတော့ အဲဒီအချိန်ကတည်းက သေဆုံးခဲ့ရပြီလို့ ဆိုနိုင်ပါတယ်။ ဒါဟာ ဗီဂျေ ရာဂါဗန်ရဲ့ မိခင်အကြောင်းပါ။ သူမ အသက်ရှင်နေရခြင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ သူ့သားဖြစ်သူ အရာရှိကြီးတစ်ဦး ဖြစ်လာပြီး ရပ်ရွာဒေသကို တိုးတက်အောင် လုပ်ဆောင်နေတာကို မြင်တွေ့လိုစိတ်ကြောင့်ပဲ ဖြစ်ပါတယ်။
သူ့သား ဗီဂျေ ရာဂါဗန်ကလည်း ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ပါတယ်။ ရုပ်ရည်ရော၊ နှလုံးရည်ပါ ပြည့်စုံပြီး တစ်ထောင်မှာတစ်ယောက် ရှားတဲ့သူလို့ ဆိုနိုင်ပါတယ်။ သူဟာ မြို့ပေါ်မှာ အစိုးရဝန်ထမ်းလုပ်ဖို့ စာမေးပွဲလာဖြေတဲ့အချိန်မှာ ကလေးတွေကို စာသင်ပေးလိုက်၊ ရပ်ကွက်ထဲ အမှိုက်ရှင်းလိုက်နဲ့ ကောင်းမှုကုသိုလ်တွေကိုပဲ လုပ်ဆောင်နေခဲ့ပါတယ်။
ဒါပေမဲ့ ကံကြမ္မာက သူ့ဘက်မှာ ရပ်တည်ပေးခဲ့ခြင်း မရှိပြန်ပါဘူး။ သူ့အမေလိုပဲ လူဆိုးလူမိုက်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စရာပါပဲ။
အလုပ်၊ ပညာရေး၊ မိခင်ရဲ့ မပြီးဆုံးသေးတဲ့ ဆန္ဒတွေကို စိတ်ထဲထားပြီး ဘဝအမောတွေကို ရင်ဆိုင်နေရတဲ့ ဗီဂျေ ရာဂါဗန်တစ်ယောက် ဒီအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်မလဲ။ သူ့ဘဝအမောတွေကို ပြေပျောက်စေချင်နေတဲ့ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုရော သူဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့... ဆက်လက်စောင့်ကြည့် ခံစားရဦးမှာပဲ ဖြစ်ပါတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 2.2 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 1.4 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 2.2 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 1.4 GB | Download ဆွဲရန်နှိပ်ပါ |